Wednesday, December 5, 2018

ပထမအကြိမ် ဥရောပဗုဒ္ဓဘာသာလူငယ်ဖိုရမ် အောင်မြင်စွာ ကျင်းပပြီးစီးခြင်းနှင့် ကျေးဇူးတင်လွှာ



ပထမအကြိမ် ဥရောပဗုဒ္ဓဘာသာလူငယ်ဖိုရမ်
အောင်မြင်စွာ ကျင်းပပြီးစီး
……………………………
ပထမအကြိမ် ဥရောပဗုဒ္ဓဘာသာလူငယ်ဖိုရမ်ကို ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တော်အနီး ဓမ္မဆာယာ ဓမ္မအရိပ်သာသနာပြုကျောင်းတော်(Norregade 13 C, 4534, Horve, Denmark)တွင် ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖိုရမ်ကို ဓမ္မအရိပ်ကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တကုသလသာမိနှင့် ဆရာလေးဒေါ်ကေတုမာလာ တို့က ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဖိုရမ်သို့ ဂျာမနီ၊ နယ်သာလန်၊ အင်္ဂလန်၊ ဖင်လန်၊  ဆွစ်ဇာလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ … နိုင်ငံပေါင်း (၈)နိုင်ငံမှ လူငယ် (၅ဝ) ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဖိုရမ်တွင် ဗုဒ္ဓဘာသာအပေါ် လူငယ်တို့၏ သဘောထားအမြင်များကို လေ့လာခြင်း၊ လွတ်လပ်ခြင်း၊ အပြန် အလှန်ကျေးဇူးပြုခြင်းဆိုင်ရာ သဘောတရားများကို ဗုဒ္ဓဝါဒရှုထောင့်မှ လေ့လာခြင်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် အနောက်တိုင်းယဉ်ကျေးမှုကို ယှဉ်တွဲလေ့လာခြင်း၊ အကြောင်းအကျိုး နိယာမ သဘောတရားများကို လေ့လာဆွေးနွေးခြင်း၊ ဗုဒ္ဓတရားတော်များထဲမှ အရေးပါသော ဝေါဟာရ များကို မိတ်ဆက်ခြင်း၊ ကျေးဇူးတရား၏အရေးပါမှုကို ဗုဒ္ဓဝါဒရှုထောင့်မှ လေ့လာဆွေးနွေးခြင်း၊ လွတ်လပ်စွာ တွေးခေါ်မြော်မြင်ခြင်းဆိုင်ရာ သဘောတရားများကို ဗုဒ္ဓဝါဒရှုထောင့်မှ လေ့လာ ဆွေးနွေးခြင်း၊ မတူကွဲပြားသော ကိုးကွယ်ယုံကြည်မှုများအကြောင်း ဆွေးနွေးခြင်း၊ နေ့စဉ်ဘဝတွင် မင်္ဂလာတရားတော်များ၏ အရေးပါမှုကို မိတ်ဆက်ပေးခြင်း စသောအကြောင်းအရာများကို စိတ်အားတက်ကြွစွာ ဆွေးနွေးခဲ့ကြပါသည်။ 

မြန်မာ့ယဉ်ကျေးမှုနှင့် ကွဲပြားခြားနားသည့် အနောက်တိုင်းယဉ်ကျေးမှုအလယ်တွင် နေထိုင် နေရသည့် လူငယ်များအနေဖြင့် မြန်မာ့ယဉ်ကျေးမှုများ၏ မြတ်နိုးဖွယ်အခြေအနေများ၊ မိဘနှင့် သားသမီးတို့ကြားတွင် အပြန်အလှန် ထားရှိရမည့် ကျင့်ဝတ်များ,ကျေးဇူးတရားများကို သိမြင်နားလည်ခွင့် ရခဲ့ကြသည်။ ဗုဒ္ဓတရားတော်များ၏ ငြိမ်းချမ်းဖွယ်ရာ သင်ကြားချက်များ၊ လွတ်လပ်စွာ တွေးခေါ်ခွင့်, ရွေးချယ်ခွင့်များအကြောင်းကိုလည်း သိခွင့်ရခဲ့ကြသည်။ ဗုဒ္ဓဘာသာ က သင်ပြသော တရားအားထုတ်ခြင်း၏အကျိုးကျေးဇူးတို့ကို သိခွင့်ရပြီး လက်တွေ့အားထုတ်ခွင့် များလည်း ရခဲ့ကြသည်။ ထို့အပြင် တက်ရောက်လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးခွင့်၊ အတွေ့အကြုံဖလှယ်ခွင့်များလည်း ရခဲ့ကြသည်။ ဖိုရမ်နောက်ဆုံးနေ့တွင် ကိုပင်ဟေဂင်မြို့တော် ပျော်ရွှင်စွာ သွားရောက်လေ့လာခဲ့ကြသည်။ Hillarod နန်းတော်ပန်းခြံကြီးထဲတွင်လည်း စုပေါင်း တရားအားထုတ်ခဲ့ကြသည်။ 

ဖိုရမ်ကာလအတွင်း ဥရောပရောက် မြန်မာလူငယ်များအချင်းချင်း ပညာရေး, လူမှုရေးဆိုင်ရာများ ပူးပေါင်းလုပ်ဆောင်နိုင်စေရန်၊  နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာလူငယ်များအချင်းချင်း တွေ့ဆုံပွဲများ ကျင်းပခြင်း, အခြားအခြားသော ကမ္ဘာ့လူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း စသည်တို့ ဆောင်ရွက်နိုင်စေရန် “ဥရောပဗုဒ္ဓဘာသာလူငယ်အဖွဲ့ - European Buddhist Youth Organisation”ကို စတင်ဖွဲ့စည်းခဲ့ကြသည်။ အနာဂတ်ကာလတွင် လူငယ်များက ဦးဆောင်၍ ဗုဒ္ဓဘာသာညီလာခံများ ကျင်းပခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များ ကျင်းပခြင်း၊ လူငယ်များ ကိုယ်တိုင် ပါဝင်သော တရားစခန်းပွဲများ, တရားဆွေးနွေးပွဲများ, ဓမ္မသင်တန်းများ ကျင်းပခြင်း၊ အခြားသော ကမ္ဘာ့လူငယ်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း … စသော လုပ်ငန်းများကို ဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။ 

လူငယ်များ၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှု၊ ပံ့ပိုးကြသူလူကြီးမိဘများ၏ နှစ်ထောင်းအားရ ပီတိဖြစ်မှုတို့ကြောင့် လာမည့် ၂ဝ၁၉ ခုနှစ် ဇူလိုင်လတွင် ဒုတိယအကြိမ် ဥရောပဗုဒ္ဓဘာသာ လူငယ်ဖိုရမ်ကိုလည်း ဆက်လက်ကျင်းပသွားပါမည်။ မည်သည့်ပုံစံ၊ မည်သည့်နိုင်ငံတွင် ကျင်းပမည်ကို အလှူငွေ(ဘတ်ဂျက်)အပေါ်မူတည်၍ ဆုံးဖြတ်သွားကြမည် ဖြစ်ပါသည်။ 

ကျေးဇူးတင်ခြင်း

ပထမဆုံးအနေဖြင့် ဓမ္မဆာယာ ဓမ္မအရိပ်ကျောင်း ဖြစ်မြောက်အောင် မ,တည်လှူဒါန်းပေးကြသော မေတ္တာအေးဆရာတော်ဘုရား အမှူးပြုသော သြဝါဒါစရိယဆရာတော်များ၊ ကိုမြတ်ကျော် စသော မြန်မာနိုင်ငံမှ ကျောင်းဒကာများနှင့် ဒိန်းမတ်၊ ကမ္ဘာအရပ်ရပ်မှ ဓမ္မအရိပ်ကျောင်းဒကာဒကာမ များကို ကျေးဇူးတင်ရမည် ဖြစ်ပေသည်။ ဓမ္မအရိပ်ကျောင်းသာမရှိလျှင် ဤကဲ့သို့ ဖိုရမ်တစ်ခုကို ကျင်းပနိုင်ဖို့ မလွယ်ကူလှပေ။ 
ထို့နောက် ဖိုရမ်ဖြစ်မြောက်အောင် မ,တည်လှူဒါန်းပေးသည့် ဒေါက်တာဒေါ်ခင်ခင်ရီ (ရှိုင်းဟုပ် မိသားစု)၊ ကိုစီကို မိသားစု (အမေရိကန်)၊ နေ့စဉ်ဆွမ်းအတွက် လှူဒါန်းပေးကြသည့် ဆရာတော်များနှင့်ဒကာဒကာမများ၊ အထွေထွေကုန်ကျစရိတ်များအတွက် လှူဒါန်းပေးကြသူများ အားလုံးကို အထူးပင် ကျေးဇူးတင်မိပါသည်။ ထို့နောက် နယ်သာလန်မှ လူငယ်များအတွက် ခရီးစရိတ်များကို လှူဒါန်းပေးသည့် IBEC ဆရာတော်၊ နော်ဝေနိုင်ငံမှ လူငယ်များအတွက် ခရီးစရိတ်လှူဒါန်းပေးသည့် နော်ဝေမြန်မာထေရဝါဒဗုဒ္ဓဘာသာအသင်း၊ ဖိုရမ်အတွက် လိုအပ်သော ဒီဇိုင်းနှင့် ဖိုရမ်အတွင်းမှာလည်း လိုအပ်သမျှကို ကူညီဖြည့်ဆည်းပေးသည့် ဒေါက်တာအရှင်ဣန္ဒာလင်္ကာရ၊ နောက်ဆုံးအနေဖြင့် မိမိတို့၏သားငယ် သမီးငယ်များကို အကုန်ကျခံပို့လွှတ်ပေးကြသည့် မိဘများအားလုံးကိုလည်း ကျေးဇူးတင်ပါသည်။

ထို့အပြင် နေ့မအား ညမနား လာရောက်ဝေယျာဝစ္စကုသိုလ်ယူကြသည့် ကျောင်းအမှုဆောင်များ နှင့်ကျောင်းဒကာဒကာမများအားလုံး၊ လူငယ်များကို လေဆိပ်၊ သင်္ဘောဆိပ်၊ ဘူတာကြီးသို့ မညည်းမငြူ ပို့ဆောင်ပေးသူအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရပါသည်။ အထူးအားဖြင့် ဖိုရမ် (၆)ရက်တာအတွင်း နေ့မအိပ်ညမအိပ်ဖြင့် ကောင်းမွန်စွာ ချက်ပြုတ်ကုသိုလ်ယူသည့် ကိုမင်းလွင်တင်နှင့် ချက်ပြုတ်ရေးတာဝန်ခံများအားလုံး ကိုလည်း အထူးပင် ကျေးဇူးတင်ရပါသည်။ လူငယ်များ တည်းခိုရန်အတွက် မိမိတို့၏နေအိမ်များကို ခဏတာ လှူဒါန်းပေးကြသည့် ကိုမြဝင်း မိသားစု၊ ကိုသန်းစိုး မိသားစု၊ ကိုခွန်ခမ်း မိသားစု၊ မစန္ဒာ မိသားစုတို့ကိုလည်း ကျေးဇူးအထူးတင်ပါသည်။ ကျေးဇူးတင်ထိုက်သူများတွင် ဖိုရမ်သို့လာရောက်ပြီး အစမှအဆုံး တက်ကြွစွာ ပါဝင်ခဲ့ကြသည့် သားငယ်သမီးငယ်တို့ကိုလည်း ဥရောပသာသနာ့ သမိုင်းအတွက် ကျေးဇူးတင်ထိုက်ပါသည်။ တစ်ယောက်အားဖြင့် မရ၊ အများပေါင်းလို့ အောင်မြင်လာခြင်း ဖြစ်ပါသည်။ အထက်ပါကျေးဇူးတင်ထိုက်သူများအားလုံး၏ စေတနာသဒ္ဓါအားကြောင့် လူကြီးလူငယ်၊ မိဘဆွေမျိုး၊ ကမ္ဘာအရပ်ရပ်မှ စောင့်ကြည့်နေကြသူများ ကြည်နူးပီတိဖြစ်ခဲ့ရခြင်း ဖြစ်သည်။ 

လူငယ်များရဲ့အနာဂတ်များ လှပနိုင်ကြပါစေ …

အရှင်ကုသလသာမိ (ပဓာနနာယကဆရာတော်)
ဒေါ်ကေတုမာလာ (ဖိုရမ်တာဝန်ခံ)

1st European Buddhist Youth Forum has been Successfully Concluded
From 26thto 31stof July 2018, the 1stEuropean Buddhist Youth Forum was held at Dhammachaya Myanmar Buddhist Centre (Norregade 13 C, 4534, Horve, Denmark). The forum was organized by Venerable Kusalasami, the Abbot of the Dhammachaya M.B.C., and Sayalay Ketu Mala.
The forum was attended by 50 young people from Germany, Netherlands, England, Finland, Switzerland, Denmark, Sweden and Norway. During the forum, attendees exchanged their views on Buddhism and actively participated in a number of discussions such as the law of cause and effect, the concept of reciprocity, the inner freedom, the importance of Maha Mangala Sutta (the 38 Highest Blessings) in daily life, the importance of gratitude from the Buddhist point of view, the diversity of religion and spiritual beliefs, freedom of thought, and the Buddhist culture, in contradistinction to the western culture. Furthermore, the key terms and words from Buddha Dhamma have been introduced to them. 
For them who have to be living in western culture differing from Myanmar’s culture, this forum enabled them to understand the amiability of Myanmar’s culture, the moral codes between parents and children, the gratitude towards parents, as well as the peacefulness of Buddha’s teachings, freedom of thought and choice. Also, they were given chances to learn about the benefits of Buddhist meditation and to put it into practice. To add to that, this forum developed meaningful friendships among the young participants where they can share their experiences. On the last day of the forum, they cheerfully toured around the city of Copenhagen and meditated together at the park of Frederiksborg Castle in Hillerod afterwards. 
During the forum period, “European Buddhist Youth Organisation” was established for the young of Myanmar in Europe to collaborate with one another in regard to education and community activities, to organise the annual get-together of Buddhist youths across European countries, as well as to connect with other youth organisations around the world. In the future, the youths are to be leading in organising Buddhist conferences, cultural events, youth oriented dhamma camps, dhamma forums, dhamma classes and taking part in peace and development activities along with other youth organisations worldwide. 
Due to their active participation and the delightfulness of the elders for having supported in this purposeful event, the 2ndEuropean Buddhist Youth Forum will be held again in next year, July 2019. The details of event and venue will be decided upon funding available. 

2 comments:

  1. Harrah's Las Vegas Hotel & Casino - MJH
    Harrah's Las Vegas Hotel & 서귀포 출장안마 Casino in Las Vegas NV | JT 삼척 출장안마 Travel | Attractions | 경상남도 출장마사지 Events | Contact Us | Facebook 여수 출장마사지 | 충청남도 출장샵 Twitter.

    ReplyDelete
  2. The greatest method to make the distinction is a glance at|to take 점보카지노 a look at} the intention of the law. Anecdotes counsel that most people with gambling-related issues go unrecognised and untreated. Problems typically only come to mild when they are severe or when the gambler involves the attention of the legal system for gambling-related debt, bankruptcy, financial fraud, domestic violence and other crimes. Some people with a compulsive gambling problem may have intervals of remission — a size of time where they gamble less or by no means.

    ReplyDelete