Sunday, May 3, 2020

" Statement for European Myanmar Buddhist Youth 3rd Forum regards to Covid-19 Global Padenmic "


" Statement for European Myanmar Buddhist Youth 3rd Forum regards to Covid-19 Global Padenmic "
-----------------------------------------------------
🙏 " Mingalarpar" 🙏
Greetings from European Myanmar Buddhist Youth Organization (EMBYO) and we wish good health and peace of mind to all the families around the world. 
📌 Now is in the first week of ' May' and it is approaching to the planned date of the 3rd Buddhist Youth Forum. 
📌 However, considering the current situations and difficulties faced in different countries regarding the COVID 19 pandemic, it will not be possible for the upcoming Youth forum to be held on the dates announced (from 25 July to 01 August 2020) sadly . 
📌 Also the organization would like to inform you that a hesitant decision was made to CANCEL the celebration of the 3rd Youth Forum on the previously planned dates. 
📌 Although the original plan has been cancelled, the Board Members are keeping an eye on the countries' improvement in the coming months against this fight.
📌 We will make an best effort to come up with an alternative plan for the youths probably during the Christmas holidays if the situation allows. 
📌 Nevertheless, we will keep you all updates with further information from the EMBYorg organization's FB page, when there are more stable conditions around this.
We'd like to send wishes that you(we) all will be able to go through this hard times by taking good care of yourself and loved ones around you and hope to see you all again soon.
( European Myanmar Buddhist Youth Org. )

မင်္ဂလာပါ ——
ကမ္ဘာအရပ်ရပ်မှ မိသားစုဝင်များအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း ရှိကြပါစေကြောင်း ဥရောပမြန်မာဗုဒ္ဓဘာသာလူငယ်အဖွဲ့မှ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သလိုက်ပါသည်။
ယခုကာလသည် ၂၀၂၀ ခုနှစ် မေလပထမပတ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက်ကြောင့် နဂိုမူလကစီစဉ်ထားသည့် တတိယအကြိမ် ဗုဒ္ဓဘာသာလူငယ်ဖိုရမ် ကျင်းပမည့်အချိန်သည်လည်း နီးကပ်လာပြီ ဖြစ်သည်။
သို့ပါသော်လည်း COVID 19 ကပ်ရောဂါဘေးကြောင့် နိုင်ငံအသီးသီး ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေအခက်အခဲများကို ထည့်သွင်းစဉ်းစားပြီးသည့်နောက်တွင်တော့ တတိယအကြိမ် လူငယ်ဖိုရမ်ကို မူလစီစဉ်ထားသည့်ကာလအတွင်းမှာ (ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိ) စီစဉ်ကျင်းပရန် မဖြစ်နိုင်တော့သည့်အတွက် အဖွဲ့အနေဖြင့် မူလက ကြေငြာထားသည့် အစီအစဉ်ကို ရုတ်သိမ်းရန် ဆုံးဖြတ်ချက်ချလိုက်ရကြောင်း အသိပေးအပ်ပါသည်။
ထိုကဲ့သို့ မူလအစီအစဉ် ရုတ်သိမ်းလိုက်ရသော်လည်း ရှေ့လာမည့်လများအတွင်း နိုင်ငံအသီးသီးရှိ တိုးတက်ပြောင်းလဲလာသော အခြေအနေများပေါ် မူတည်ပြီး လူငယ်များအတွက်အစီအစဉ်ကို ခရစ္စမတ်ကျောင်းပိတ်ရက်ကာလအတွင်း အစားထိုးဆောင်ရွက်နိုင်ရန် လူငယ်အဖွဲ့အနေဖြင့် အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိနေပေသည်။ 
COVID 19 ကပ်ရောဂါ အခြေအနေ တည်ငြိမ်မှုအပေါ် မူတည်ပြီး ကြေငြာချက်အသစ်များကို ဥရောပမြန်မာ ဗုဒ္ဓဘာသာလူငယ်အဖွဲ့၏ ဖေ့ဘွတ်စာမျက်နှာမှတဆင့် ထပ်မံအသိပေးထုတ်ပြန်သွားမည် ဖြစ်သည်။
သူငယ်ချင်း မိတ်ဆွေများ အားလုံးသည်လည်း သတိရှိရှိဖြင့် နေထိုင်ရင်း မိမိ၏မိသားစုနှင့် ချစ်ခင်ရင်းနှီးသူများကို ဂရုတစိုက်ရှိခြင်းဖြင့်လက်ရှိအခက်အခဲများကို ဖြတ်သန်းနိုင်ကြပြီး မကြာမီ ပြန်လည်ဆုံတွေ့ကြဖို့ မျှော်လင့်ပါသည်။
ဥရောပမြန်မာဗုဒ္ဓဘာသာလူငယ်အဖွဲ့